Office Security

ကုမ္ပဏီပိုင် ရုံးခန်းများကို လုံခြုံရေးအဖွဲ့ဝင်များ အပြည့်အဝ
ကာကွယ်ဆောင်ရွက်ထားရန် လုပ်အပ်ပါသည်။ သို့မှာသာ မသာမာသူများအနေဖြင့်
ရုံးခန်းအဆောက်အဦသို့ ဝင်ရောက်ဖျက်ဆီးခြင်း၊ ခိုးဝှက်ယူဆောင်ခြင်း၊
မီးလောင်စေခြင်း၊ မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့်
ဘေးရန်များမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။ ရုံးခန်းလုံခြုံရေးအား
အောက်ပါအတိုင်း ဆောင်ရွက်ပေးလျက် ရှိပါသည် -
(၁) ရုံခန်းအဆောက်အဦများအနီး မသမာသူများ ချဉ်းကပ်ခြင်း မပြုနိုင်စေရန်
ကန့်သတ်နယ်မြေ သတ်မှတ်ခြင်း၊ သော့စနစ်အသုံးပြုခြင်း။
(၂) အတားအဆီးများကို ဖြတ်ကျော်ဝင်ရောက်လာပါက သိရှိနိုင်သည့် နည်းစနစ်များ
ပြုလုပ်ထားခြင်း (ဥပမာ - လုံခြုံရေးဝန်ထမ်းကဒ် ချိတ်ခြင်း၊ CCTV
တပ်ဆင်ခြင်း)။
(၃) ကျူးကျော်ဝင်ရောက်လာမှုများအား ချက်ချင်းသိရှိပြီး တန်ပြန်အရေးယူ
ဆောင်ရွက်နိုင်ရန် ကြိုတင် စီစဉ်ထားခြင်း။
(၄) သဘာဝ ဘေးအန္တရာယ်အပါအဝင် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များအတွက်
စီမံချက်များ ရေးဆွဲခြင်း။
(၅) ရုံခန်းအတွင်း ဝင်/ထွက်နိုင်သူအားလုံး လုံခြုံရေး စိစစ်သည့်အပြင်
အခါအားလျော်စွာ ငွေရေးကြေးရေး/ ဆက်သွယ်ပြောဆိုမှုများ ထပ်မံပြုလုပ်ခြင်း။
(၆) အဝင်/အထွက် အတွက် ကန့်သက်ခြင်းအပြင် ကန့်သတ်နေရာများ
ထပ်မံပိုင်းခြားပြီး ခွင့်ပြုချက်ရှိသူသာ သွားလာခွင့်ပြုခြင်း။
(၇) တာဝန်ရှိသူများမှ လုံခြုံရေးစနစ်များ ပုံမှန်ဆောင်ရွက်ခြင်းရှိ/မရှိ
လှည့်လည်စစ်ဆေးခြင်း။




 |