Security Devices
Show Room




    Show Room   
No. (A-3), Taw Win Road,
(9) Miles, Mayangone Township, Yangon.
Ph : 09972844422, 09454447604

Copyright © 2016, Myanmar
Designed by : SWSS
All Rights Reserved.
webmaster@southwindsecurity.com

 

 

 

စကားပြောစက် ရွေးချယ်အသုံးပြုခြင်း

ဘယ်သူတွေသုံးကြသလဲ ? >>>>

အစိုးရအဖွဲ့အစည်းများ၊ မီးသတ်၊ ကြက်ခြေနီ၊ လျှပ်စစ်ဌာန၀န်ထမ်းများ၊ သတ္ထုတွင်းများ၊ စက်ရုံအလုပ်ရုံများ၊ စိုက်ပျိုးရေးခြံများ၊ ခရီးဝေးသွားအဖွဲ့များ၊ တောင်တက်အသင်းများ၊ ကမ်းနီး/ကမ်းဝေး ငါးဖမ်းစက်လှေ/ သင်္ဘောများ၊ မီးပြတိုက်များ၊ ပွဲလမ်းသဘင်စီစဉ်သူများ၊ ရုပ်ရှင် ရိုက်ကူးရေး၊ အိမ်ခြံဝန်း လုံခြုံရေး အစောင့်များ၊ ကယ်ဆယ်ရေးအသင်း အဖွဲ့များ၊ ကျယ်ဝန်း စည်ကားသော စားသောက်ဆိုင်ကြီးများ၊ ဟိုတယ်များ၊ အပန်းဖြေကမ်းခြေများတွင် အသုံးပြုကြပါသည်။

ဘာကြောင့်သုံးကြသလဲ ? >>>>

ဆက်သွယ်ရေးစနစ်များထဲတွင် အလျင်မြန်ဆုံး၊ ကုန်ကျစရိတ် အနည်းဆုံးဖြစ်သောကြောင့် သုံးကြသည်။ မိုလ်ဘိုင်းဖုန်းများကဲ့သို့ ခေါ်ဆိုနေရချိန်ကို စောင့်ရန်မလိုပဲ တိုက်ရိုက်ပြောနိုင်ခြင်း၊ ဘီလ်မကုန်သည့်အတွက် ရေရှည်တွင် ငွေများစွာသက်သာခြင်း၊ ချန်နယ်တူသည့် စက်အားလုံးကို အလုံးရေအကန့်အသတ်မရှိ တပြိုင်နက်ခေါ်ဆိုနိုင်သဖြင့် အရေးပေါ်အခြေအနေတွင် အဖွဲ့ဝင်အားလုံး ချက်ချင်းသိနိုင်ခြင်းတို့ကြောင့် မိုလ်ဘိုင်းဖုန်း ပေါများသော ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပါ တွင်ကျယ်စွာ သုံးနေကြပါသည်။ ဒုတိယကမ္ဘာစစ်အတွင်းက စစ်တပ်များအသုံးပြုရန် စတင်တီထွင်ခဲ့သော နည်းပညာဖြစ်ပြီး ယခုအခါတွင် ကမ္ဘာအ၀ှမ်း အစိုးရရော ပုဂ္ဂလိကပါ တွင်ကျယ်စွာ သုံးနေကြပါပြီ။

ဘာတွေ ရွေးချယ်ရမလဲ ? >>>>

စကားပြောစက် စတင်ဝယ်ယူ အသုံးပြုတော့မည်ဆိုလျှင် ဘယ်လုပ်ငန်းအတွက်လဲ ? ဘယ်နှစ်မိုင် ဘယ်အကွာအဝေးလောက် သုံးမှာလဲ? ငွေဘယ်လောက်သုံးနိုင်သလဲ? ဘယ် FUNCTION တွေလိုအပ်သလဲ ? ဆိုသည့် မေးခွန်းများကို မိမိဘာသာ ပြန်မေးပါ။ ပေးလိုက်ရသည့်ငွေနှင့် အသုံးတည့်မှု ညီမျှမှသာ ရွေးချယ်မှုမှန်ပါမည်။

ဘယ်လုပ်ငန်းအတွက်လဲ ? >>>>

မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်းများသည် 136-174( Vhf ) လှိုင်းနှုန်းကို သုံးကြသည်။ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များ၊ ယာဉ်ထိန်းများသည် မရှိမဖြစ်အသုံးပြုနေရသော တပ်ဖွဲ့များဖြစ်သည်။ လုပ်ငန်းတာဝန်များသော တပ်ဖွဲ့ဝင်ဆိုလျှင် နှစ်လိုင်းစက်အမျိုးအစားကို ရွေးချယ်အသုံးပြုသင့်သည်။ သို့မှသာ မိခင်ဌာနနှင့်ရော ဆက်စပ်ဌာနများနှင့်ပါ တစ်ချိန်တည်း ဆက်သွယ်နိုင်ပါလိမ့်မည်။ ပုဂ္ဂလိကသုံး၊ ကုမ္မဏီသုံးဆိုလျှင် ရဲတပ်ဖွဲ့၏ ဆက်သွယ်ရေးလိုင်းများနှင့် မငြိရအောင် 400-470(Uhf)နှင့် 220-260 / 300-350 စသော (Vhf ) လှိုင်းနှုန်းတို့ကိုသာ သုံးသင့်ပါသည်။ ( Uhf ) လိုင်းတွင် နံပါတ်မပေါ်/ ခလုတ် နှိပ်မရပဲ ဖရီကွမ်စီ ၄လိုင်း/၁၀လိုင်း/၁၆လိုင်း/၂၂လိုင်း အသေသွင်းထားပြီး သုံးရသော စက်မျိုးကို နိုင်ငံတကာတွင် LICENSE FREE စက်များဟု ခေါ်ကြသည်။ အစိုးရပိုင်းကို လျှောက်ထားစရာမလိုပဲ သုံးနိုင်သောစက်များဖြစ်သည်။

ယိုးဒယားတွင် ပုဂ္ဂလိကသုံးအတွက် အနီရောင်၊
အစိုးရပိုင်းအတွက် အနက်ရောင် သတ်မှတ်ထားပါသည်။

ဖရီကွမ်စီကို လိုသလို ရိုက်ထည့်နိုင်သောစက်မျိုးကို အသုံးပြုမည်ဆိုလျှင် အုပ်ချုပ်ရေးပိုင်းကို အသိပေးလျှောက်ထားရန် လိုပါသည်။ ချောင်းသာ/ငွေဆောင်ကဲ့သို့သော ကမ်းခြေများတွင်ကား (ပင်လယ်ပြင်လုံခြုံရေးအတွက်ပါ အကူအညီရရန်) ၀န်ကြီးနှုတ်မိန့်ဖြင့် ဟိုတယ်တိုင်း သုံးကြပါသည်။ ကမ်းဝေးငါးဖမ်းစက်လှေများတွင် မိုင်-၂၀ ကျော် မိသော အထိုင်စက်များ သုံးကြသည်။ ပင်လယ်ကူးသင်္ဘောများတွင် တစ်ကမ္ဘာလုံး (WORLD WIDE) လိုင်းမိသည့် Icon 718 ကဲ့သို့သော Uhf စက်များ သုံးကြသည်။ မိမိသုံးမည့် လုပ်ငန်းပေါ်မူတည်၍ လှိုင်းနှုန်းနှင့် စက်အမျိုးအစား သေချာရွေးချယ်ပါ။

ဘယ်အကွာအဝေးလောက်သုံးမှာလဲ ? >>>>

မိတ်ဆွေတို့ရဲ့ အိမ်မှာ တောက်တိုမယ်ရ ခိုင်းစေဖို့အတွက် ပါရဂူ / ပရော်ဖက်ဆာ တစ်ယောက်ကို အလုပ်ခန့်ထားစရာမလိုပါ။ ထို့အတူ မိမိအိမ်တွင်း/ ၁၀-ဧကလောက်ရှိတဲ့ စိုက်ပျိုးရေးခြံအတွင်း အသုံးပြုဖို့လောက်နှင့် တကယ့်ကမ္ဘာကျော် BRAND တွေ ၀ယ်သုံးစရာမလိုပါဘူး။ သာမန် တရုတ်ကလာတဲ့ စက်တစ်လုံးသည် ကွင်းပြင်တွင် ၈-မိုင် ၉-မိုင်လောက်အထိ သုံးလို့ရပါသည်။ မြို့ပေါ်မှာသုံးရင်တော့ ကြားခံ တိုက်တာ အဆောက်အဦ ထူထပ်လျှင် ထူထပ်သလို အကွာအဝေး လျော့သွားပါသည်။ မည်သည့်စက်တွင်မှ မိုင်/အကွာအဝေး မည်မျှရသည်ဟု ဖော်ပြမထားပါ။ (WATT) ၀ပ် ထွက်အားကိုသာ ဖော်ပြကြပါသည်။ 2W, 5W, 6W, 8W အစားစားရှိပါသည်။ ၀ပ် ထွက်များလေ ကြားခံများကို ပိုဖောက်ထွက်နိုင်လေ ဖြစ်၏။ ရန်ကုန်မြို့ရှိ အထပ်၂၀-ကျော်သော ဟိုတယ်ကြီးတစ်ခုတွင် အင်ဂျင်နီယာများ လုံခြုံရေးများအတွက် တန်ဖိုးကြီး စက်များပေးထားသော်လည်း အထပ်၂၀ အထိသာ လိုင်းမိပြီး ၂၀ကျော်တွင် မည်သည့်စက် အမျိုးအစားမှ လိုင်းမမိတော့ပါ။ အကြောင်းမှာ ကွန်ကရစ်သားများ၏ ထူထဲမှုအပြင် အထဲ၌မြှုပ်ထားသော မီးခံသံမဏိများ၏ ကာခြားထားမှုကြောင့် လှိုင်းနှုန်းဖောက်မထွက်နိုင်ခြင်း ဖြစ်ပါသည်။

ငွေဘယ်လောက်သုံးနိုင်သလဲ ? >>>>

လက်ကိုင်စကားပြောစက်၏ တံဆိပ်အမျိုးပေါင်း ၅၀ကျော်ရှိသည်။ YAESU, I COM, KENWOOD, MOTOROLLA တို့သည် ကမ္ဘာကျော် BRAND များဖြစ်သည်။ ဂျပန်, USA, ဂျာမနီတို့မှ ထုတ်လုပ်ပြီး အနိမ့်ဆုံး တန်ဖိုးသည် ဒေါ်လာ 300 ၀န်းကျင်ရှိသည်။ တရုတ်နိုင်ငံမှ အဆင့်အတန်းရှိရှိ (made in china ဟုရေးသားထုတ်လုပ်သော) Wouxun, TYT, Linton, RZL စက်များရှိသလို ကမ္ဘာကျော် BRAND များကို ပုံစံတူ (အတု) ထုတ်လုပ်သည်လည်း ရှိ၏။ ပိုက်ဆံတတ်နိုင်၍ YAESU ကဲ့သို့ ဂျပန်စက်အစစ်များ ၀ယ်သုံးလျှင် အင်မတန်ကောင်းပါပေ၏။ သို့သော် ပျက်လျှင် အပိုပစ္စည်း ၀ယ်ရခက်၊ ပြင်ဆရာ ရှာရခက်နှင့် အတော်ဒုက္ခရောက်လိမ့်မည်။ ပြင်သည့် ကုန်ကျစရိတ်သည်ပင် တရုတ်စက် ၂-လုံးဝယ်လို့ရသည်။ ဈေးကွက်ထဲတွင် အပိုပစ္စည်း ရှာဝယ်ရလွယ်သော စက်မျိုးကိုသာ သုံးသင့်သည်။ လုပ်ငန်းတာဝန်များလျှင် နှစ်လိုင်း တစ်ပြိုင်နက် နားထောင်နိုင်သော စက်မျိုးကို သုံးသင့်သည်။

[ဥပမာ.. ရပ်ကွက်အုပ်ချုပ်ရေးနှင့် ရဲလုပ်ငန်း တွဲလုပ်ရသော နယ်ထိန်း/ဥက္ကဌ တို့သည် ရဲလိုင်းနှင့် အထွေထွေအုပ်ချုပ်ရေးလိုင်း ၂-ခုစလုံး တပြိုင်နက် နားထောင်နေရသဖြင့် Wouxun (သို့မဟုတ်) TYT နှစ်လိုင်းစက်မျိုး သုံးဖို့လိုသည်။]

တောင်ကုန်းတောင်တန်းရှိ စိုက်ပျိုးရေးခြံကြီးများ၊ အထိုင်စက်နှင့်ဝေးသော ကျေးလက်အစွန်အဖျား ရဲဌာန/အုပ်ချုပ်ရေးပိုင်းတို့သည် Icom V8. V80. V85 စသော Watt များများထွက်သည့် လက်ကိုင်စက်များကို သုံးသင့်သည်။

ယခု ၂၀၁၅တွင် ထွက်သော TYT UV8000D အမျိုးအစားသည် 10W ထွက်ပြီး standby စက်ဖွင့်ထားပါက နာရီပေါင်း၂၆၀ (၁၁-ရက်ခန့်) သုံးနိုင်ပါသည်။

အထိုင်စက်များသည် Watt 50 မှ 80 အတွင်း ထွက်ပြီး လက်ကိုင်စက် ၅-လုံးဈေးနှင့် ညီမျှသည်။ ပင်လယ်ပြင်တွင် မိုင် ၈၀/၁၀၀ခန့် လိုင်းမိသည်။ ရှေးယခင်က တစ်ထွာခန့်ရှိသည့် Standard စက်များကို သုံးခဲ့ကြသော်လည်း ယခုခေတ်တွင် မီးခြစ်ဗူးသာသာ စက်များပင် ထွက်လာနေပါပြီ။ Standard စက်များသည် အားပြန်သွင်းနိုင်သည့် ပက်နှင့်ရော ရိုးရိုးဓါတ်ခဲ အသေးနှင့်ပါ သုံးလို့ရသောကြောင့် တောရွာများတွင် ယခုထက်တိုင် သုံးနေကြပါသည်။ ယခု မော်ဒယ်မြင့်စက်များသည် ရှေးယခင်စက်များကဲ့သို့ ကာဗွန်အခြေခံသော ဘတ္ထရီမျိုးမဟုတ်တော့ပဲ လစ်သီယမ်အရည်ဖြင့် ထုတ်လုပ်ထားသောကြောင့် ပေါ့ပါးပြီး ယခင်ကာဗွန်ဘတ္ထရီထက် ၂ဆ ပိုအသုံးခံသည်။ တရုတ်ပြည် East Bright စက်ရုံမှ ထုတ်လုပ်သော စက်များသည် သုံးထပ်တိုက်ပေါ်မှ လွတ်ကျသော်လည်း ပွန်းပဲ့ရုံမှလွဲ၍ အတွင်းပိုင်း ပျက်စီးမှုမရှိပါ။ ဆိုင်ကယ်တစ်စီး တက်ကြိတ်ခံနိုင်ပါသည်။ ဤကဲ့သို့ ခံနိုင်ရည်မျိုး အခြားစက်များတွင် မရှိပါ။ YAESU မှထုတ်လုပ်သော ရေစိုခံသည့်စက်မျိုးသည် ပင်လယ်ပြင်တွင် လှေကလေးနှင့် ငါးဖမ်းနေရင်း ရေထဲပြုတ်ကျသော်လည်း မပျက်စီးသည့်အပြင် ရေပေါ်တွင် ပေါလောပေါ်နေသည်။ ကိုယ်နှင့် အသုံးတည့်မည့်စက်မျိုးသာ ကိုယ်တတ်နိုင်တဲ့ဈေးနဲ့ ၀ယ်သုံးပါ။

ဘယ် FUNCTION တွေလိုအပ်သလဲ ? >>>>

နံပါတ်မပါ/ချန်နယ်စက်များတွင် များသောအားဖြင့် ချန်နယ်ပေါင်း 16-လိုင်း လှည့်သည့်ခလုတ်နှင့် အသံအတိုးအကျယ်လုပ်သည့် ခလုတ်တို့သာပါဝင်ပြီး အချို့သောစက်များ၌သာ FMရေဒီယိုစနစ်၊ ဓါတ်မီးတို့ အပိုထည့်သွင်းပေးထားသည်။ နံပါတ်စက်များတွင် FUNCTION ပေါင်းများစွာပါဝင်သည်။

ထူးခြားသော Scrambler (စကမ်ဘလာ) စနစ်….မော်ဒယ်နိမ့်စက်တွေမှာ မပါပါ။ သိပ်လျှို့ဝှက်ရမည့် အခြေအနေမှာ သုံးကြပါသည်။ စကားပြောစက်များ၏ အားနည်းချက်ကို ပြန်လည်ဖြည့်ဆည်းပေးထားသည့် စနစ်လေးပါ။ စကားပြောစက် သုံးတဲ့အခါ လှိုင်းနှုန်းနံပါတ်တူရင် ပြောသမျှအားလုံးကို ကြားနိုင်ပါတယ်။ ထို့ကြောင့် ပေါက်ကြားမှု ရှိနိုင်ပါတယ်။ ခိုးနားထောင်နိုင်ပါတယ်။ ဒါကိုကာကွယ်နိုင်ဖို့ Scrambler စနစ်ကို တီထွင်ထားတာပါ။ Scrambler 1 မှ 8 အထိရှိပါတယ်။ ဥပမာ….136250 လှိုင်းနှုန်းနဲ့ သုံးပြီး Scrambler-5 မှာထားတယ်။ ကျန်တဲ့ ကိုယ့်လူတွေကလဲ Scrambler-5 မှာထားတယ်။ Scrambler-5 နဲ့သုံးနေတာကိုတော့ မသိစေနဲ့ပေါ့။ ဒါဆိုရင် ဘယ်သူမှ ခိုးနားထောင်လို့ မရတော့ဘူး။ နောက်ဆုံးပေါ် YAESU စက်များတွင် ALL BAND ပါဝင်သည်။ Uhf Vhf လှိုင်းအားလုံး၊ FM AM SW ရေဒီယိုလိုင်းအားလုံး၊ စလောင်းမှလွှင့်သော ရေဒီယိုချန်နယ်များ အားလုံး ဖမ်းယူနိုင်သည်။ သာမန်စက်များတွင် ဖန်ရှင် ၂၀ ကျော်သာပါဝင်ပြီး YAESU တွင် ၇၀ကျော် ပါဝင်သည်။ သုံးတတ်ရင် သုံးတတ်သလို များစွာစေခိုင်းနိုင်သည်။ မသုံးတတ်ရင် ဖန်ရှင်များလေ ပျက်ဖို့ပိုလွယ်လေပါပဲ။ ဒီလောက်ဆိုရင် စကားပြောစက်ရွေးချယ် ၀ယ်တတ်လောက်ပါပြီ။

<< ဗဟုသုတအလို့ငှာ တင်ပြခြင်းဖြစ်ပါသည်။ >>